ဆယ်ကျော်သက်ညီအစ်မနှစ်ဦးကိုသတ်ဖြတ်ခဲ့သည့်တရားခံအားဖမ်းမိခဲ့ပြီးလွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လွတ်မြောက်လာသူဖြစ်နေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် အင်းတော်မြို့နယ်မှာဇူလိုင် ၁၃ရက်နေ့က တောထဲနွားလှန်သွားတဲ့ဆယ်ကျော်သက် ညီအစ်မနှစ်ဦးကိုဓားအချက်ပေါင်းများစွာနဲ့သတ်ဖြတ်ခဲ့သည့်တရားခံအားဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီးတရားခံဟာ နိုင်ငံတော်သမ္မ္မတ၏လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လည်လွှတ်မြောက်လာသူဖြစ်နေတယ်လို့ အင်းတော်မြို့မရဲစခန်းမှ ဒုရဲမှုးစိန်ကပြောပါတယ်။