နှစ်ဖက်လက်နက်ကိုင်အဖွဲ့များသည် ငြိမ်းချမ်းရေးအပေါ်ချဉ်းကပ်နည်းနှင့် ခံယူချက်ကွဲပြားမှု ရှိသော်လည်းငြိမ်းချမ်းရေးမြတ်နိုးသူများအဖြစ် အသိအမှတ်ပြုရန်လိုဟုဆို

နှစ်ဖက်လက်နက်ကိုင်အဖွဲ့များသည် ငြိမ်းချမ်းရေးအပေါ်ချဉ်းကပ်နည်းနှင့် ခံယူချက်ကွဲပြားမှု ရှိသော်လည်းငြိမ်းချမ်းရေးမြတ်နိုးသူများအဖြစ် အသိအမှတ်ပြုရန်လိုဟုဆို
Published 22 July 2020

နှစ်ဖက်လက်နက်ကိုင်အဖွဲ့တွေဟာ ငြိမ်းချမ်းရေးအပေါ်ချဥ်းကပ်ပုံ၊ ချဥ်းကပ်နည်းလိုအပ်ချက်တွေနဲ့ ခံယူချက် ကွဲပြားမှု တွေရှိပေမယ့် ငြိမ်းချမ်းရေးချစ်မြတ်နိုးသူတွေအဖြစ် အသိအမှတ်ပြုဖို့လိုတယ်လို့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) ရဲ့ အရပ်သားကိုယ်စားလှယ်များ၏ သဘာပတိသိက္ခာတော်ရဆရာတော် စောမက်သယူးအေးကပြောကြားပါတယ်။