COVID-19 ကြောင့် လူမှုစီးပွားရေးထိခိုက်မှုများကုစားနိုင်ရန်အာရှဖွံ့ဖြိုးရေးဘဏ်မှ အမေရိကန်ဒေါ်လာသန်း ၂၅၀ ချေးယူရန်ပြည်ထောင်စုလွှတ်တော်သို့တင်ပြ
COVID-19 ဖြစ်ပွားမှုကြောင့် လူမှုစီးပွားရေးဆိုင်ရာထိခိုက်မှုများကုစားနိုင်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်ထံမှ အမေရိကန်ဒေါ်လာသန်း ၂၅၀ ချေးယူရန်ပြည်ထောင်စုလွှတ်တော်သို့တင်ပြခဲ့တယ်လို့ ဇူလိုင် ၂၂ ရက်ကပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာစီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ချေးငွေရယူနိုင်ရေးနဲ့ပတ်သက်ပြီးရှင်းလင်းတင်ပြခဲ့ပါတယ်