တာရိုးကျိုးပေါက်၍ ကျေးရွာများအတွင်း ဝင်ခဲ့သည့် ဧရာဝတီမြစ်ရေများကို တစ်နာရီ ရေဂါလန်တစ်သန်း စုပ်နိုင်သည့်စက်အပါအဝင် မိုဘိုင်းရေစုပ်စက်များဖြင့် ပြန်လည်စုပ်ယူနေ (ရုပ်သံ)
အမရပူရမြို့နယ် ရွှေဂဲရေဆိုးစုပ်စက်ရုံစီမံကိန်းအနီး တာရိုးကျိုးပေါက်မှုဖြစ်စဉ်ကြောင့် ကျေးရွာများအတွင်း ဝင်ရောက်ခဲ့သည့်ဧရာဝတီမြစ်ရေတွေကို ယခုအခါ တာရိုးကျိုးပေါက်မှုကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်တာကြောင့် တစ်နာရီလျှင် ရေဂါလန်တစ်သန်းစုပ်ယူနိုင်သည့် စက်အပါအဝင် မိုဘိုင်းရေစုပ်စက်တွေနဲ့ ပြန်လည်မောင်းထုတ်မှုလုပ်ငန်းများကို ဇူလိုင်လ ၂၁ ရက်နေ့ ညနေပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးက သိရပါတယ်။