အမရပူရမြို့နယ် ရွှေဂဲရေထိန်းတံခါးအနီး တာရိုးကျိုးပေါက်မှုအား ပိတ်ဆို့နိုင်ခဲ့ပြီး မြစ်ရေ စိမ့်ဝင်ရောက်မှု မရှိစေရန် သံတိုင် (sheet pile) များ စိုက်ထူ လုပ်ဆောင်နေ

အမရပူရမြို့နယ် ရွှေဂဲရေထိန်းတံခါးအနီး တာရိုးကျိုးပေါက်မှုအား ပိတ်ဆို့နိုင်ခဲ့ပြီး မြစ်ရေ စိမ့်ဝင်ရောက်မှု မရှိစေရန် သံတိုင် (sheet pile) များ စိုက်ထူ လုပ်ဆောင်နေ
Published 22 July 2020

မန္တလေးမြို့ အမရပူရမြို့နယ် ငယ်တိုးကျေးရွာအုပ်စု ရွှေဂဲရပ် စစ်ကိုင်း-မန္တလေးကားလမ်း ရွှေဂဲရေထိန်းတံခါးအနီး တာရိုးကျိုးပေါက်မှုကို ပိတ်ဆို့နိုင်ခဲ့ပြီး နောက်ထပ် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုမရှိစေဖို့ သံတိုင် (Sheet Pile) တွေကို စိုက်ထူဖို့ လုပ်ဆောင်နေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားတည်ဆောက်ရေးအဖွဲ့(၂) မှ ညွှန်ကြားရေးမှူး ဦးအောင်သီဟ က ပြောပါတယ်။