ရွှေဂဲရေထိန်းတံခါးအနီး တာပေါင်ကျိုးပေါက်သည့်နေရာအား ကျောက်ကြီးများချကာ ရေဝင်ရောက်မှုထိန်းချုပ်ထားနိုင်ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် ဒုသမ္မတ ထပ်မံလာရောက်ကြည့်ရှု

ရွှေဂဲရေထိန်းတံခါးအနီး တာပေါင်ကျိုးပေါက်သည့်နေရာအား ကျောက်ကြီးများချကာ ရေဝင်ရောက်မှုထိန်းချုပ်ထားနိုင်ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် ဒုသမ္မတ ထပ်မံလာရောက်ကြည့်ရှု
Published 21 July 2020

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရွှေဂဲရေထိန်းတံခါးအနီး တာပေါင်ကျိုးပေါက်တဲ့နေရာကို ဇူလိုင်လ ၂၀ ရက် နေ့ညပိုင်းက ကျောက်ကြီးများချကာ ရေဝင်ရောက်မှုကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး ဒီကနေ့ ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်းက ဒုသမ္မတ (၂) ဦးဟင်နရီ ဗန်ထီးယူ ထပ်မံလာရောက်ကြည့်ရှုခဲ့ပါတယ်။