မန္တလေး မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်း (ကျောက်ဝိုင်း) အား ဇူလိုင်လကုန်ထိ ပိတ်ထားမည်
မန္တလေးမြို့၊ မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်း (ကျောက်ဝိုင်း) ကို ဇူလိုင်လကုန်အထိ ပိတ်ထားဖို့ ဇူလိုင် ၁၇ ရက်က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားချက်တစ်စောင် ပေးပို့ခဲ့တယ်လို့ မဟာအောင်မြေ ကျောက်မျက်ဈေး အကျိုးတော်ဆောင်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးမြင့်လှိုင်က ပြောပါတယ်။