ကိုယ်အလေးချိန်များနေသည့် မိတ္ထီလာခရိုင်အတွင်းရှိ ရဲတပ်ဖွဲ့ဝင် (၄၃) ဦး ကိုယ်အလေးချိန်ကျစေရန် လေ့ကျင့်ခန်းပြုလုပ်
သတ်မှတ်ကိုယ်အလေးချိန်ထက် ပိုနေတဲ့ မိတ္ထီလာခရိုင်အတွင်းက ရဲတပ်ဖွဲ့ဝင်အရာရှိတွေနဲ့ အခြားအဆင့် ရဲတပ်ဖွဲ့ဝင် (၄၃) ဦးကို ကိုယ်အလေးချိန်လျော့ကျစေဖို့ စနေ၊ တနင်္ဂနွေရုံးပိတ်ရက်တွေနဲ့ ရုံးဆင်းချိန်ညနေပိုင်းတွေမှာ သတ်မှတ် ကိုယ် အလေးချိန်လျော့ကျစေဖို့ လေ့ကျင့်ခန်းတွေ လုပ်ဆောင်နေတယ်လို့ မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့ရုံးကနေ သိရပါတယ်။