■ (၇၃) နှစ်မြောက် အာဇာနည်နေ့ ရုပ်သံအစီအစဉ်
၁၉၄၇ ဇူလိုင်လ၁၉ရက်နေ့မှာ ဦးအောင်ဆန်း (ခေါ်) ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ အာဇာနည်ခေါင်းဆောင်ကိုးဦးကို ဂဠုန်ဦးစောနဲ့အပေါင်းအပါတစ်စုက သေနတ်နဲ့လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။ အဲဒိလိုလုပ်ကြံသတ်ဖြတ်ခံရမှုဟာဗြိတိသျှကို လိုနီလက်အောက်ကနေ လွတ်လပ်ရေးအရယူဖို့ အရေးအကြီးဆုံး အချိန်မှာ ရောက်နေတဲ့ မြန်မာနိုင်ငံအတွက် တကယ့်ကိုကြီးမားတဲ့ ဆုံးရှုံးမှုကြီးပါပဲ။
(၂၀၁၈ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့တွင် Eleven Broadcastingမှ ထုတ်လွှင့်ထားပြီးခဲ့သည့် ရုပ်သံဆောင်းပါးအား ပြန်လည်တင်ဆက်ထားခြင်းဖြစ်ပါသည်။)
#19july #Martyrday #အာဇာနည်ကိုးဦး