အိပ်ပျော်နေသော ရဲတပ်ဖွဲ့ဝင်များထံမှ ခြောက်လုံးပြူးသေနတ်ခိုးယူခဲ့သောအမှုမှ အဓိက ကျူးလွန်သူနှစ်ဦး ဖမ်းမိ (ရုပ်သံ)
ပြီးခဲ့တဲ့ ဇွန်လ(၉)ရက်က မိတ္တီလာမြို့၊မြို့မရဲစခန်းဓမ္မရုံအတွင်း အိပ်ပျော်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေဆီကနေ ဖုန်းခြောက်လုံး၊ ကျည်နှစ်တောင့်ပါတဲ့ ခြောက်လုံးပြူးသေနတ်တစ်ထည့်ထားတဲ့ Laptopအိတ်တစ်လုံးခိုးယူခံခဲ့ရပြီး ဖြစ်စဉ်ဖြစ်ပြီး တစ်လကျော်အကြာမှာ အဓိက ကျူးလွန်သူနှစ်ဦးကို ဇူလိုင် ၁၇ ရက်ညပိုင်းမှာ ဖမ်းမိခဲ့တယ်လို့ မိတ္တီလာခရိုင်၊ရဲတပ်ဖွဲ့မှုးဒုတိယရဲမှုးကြီးအုန်းဟန်ဦးကပြောပါတယ်။