AA ခေါင်းဆောင်၏ ညီမဖြစ်သူနှင့် ယောက်ဖဖြစ်သူတို့အမှု လာမည့်ရုံးချိန်း၌ စွဲချက်တင်သင့် မသင့် အမိန့်ချမည်
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုခံထားရတဲ့ AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီမဖြစ်သူ မယမင်းမြတ်နဲ့ ယောက်ဖဖြစ်သူ ကိုကျော်နိုင်တို့အမှုမှာ တရားလိုပြသက်သေ အားလုံးစစ်ပြီးဖြစ်တာကြောင့် လာမယ့်ရုံးချိန်းမှာ စွဲချက်တင်သင့် မသင့် အမိန့်ချမယ်လို့ သိရပါတယ်။