ဇူလိုင် ၁၇ ဝန်းကျင်အထိ မြန်မာနိုင်ငံ အထက်ပိုင်းတွင် မိုးရွာသွန်းမှု လျော့နည်းနေဦးမည်ဖြစ်ကြောင်း မိုး/ ဇလ တာဝန်ရှိသူဆို
မုတ်သုံလေ အားမကောင်းမှုကြောင့် ဇူလိုင် ၁၇ ဝန်းကျင်အထိ မြန်မာနိုင်ငံအထက်ပိုင်းမှာ မိုးရွာသွန်းမှု လျော့နည်းနေဦးမယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။