အဂတိလိုက်စားမှု ဥပဒေဖြင့် တရားစွဲခံထားရတဲ့ အင်းစိန်ဆေးဝါး စက်ရုံမှူး ဒေါက်တာ အောင်ဇော်အမှု အချိန်ကြန့်ကြာမှုကြောင့် နစ်နာမှုများရှိနေဟု ရှေ့နေပြောကြား (ရုပ်သံ)
အဂတိလိုက်စားမှု ဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ အင်းစိန်ဆေးဝါး စက်ရုံမှုး ဒေါက်တာ အောင်ဇော်အမှုမှာ ပြည်ထောင်စုတရား လွှတ်တော်ချုပ်သို့ တင်ပြထားပြီး အချိန်ကြန့်ကြာမှုကြောင့် နစ်နာမှုတွေရှိနေတယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးထင်ဇော်လတ်က ပြောကြားပါတယ်။