ဇီဝနည်းပညာကုမ္ပဏီ မိုဒါးနား၏ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ကနဦးအဆင့် စမ်းသပ်မှုတွင် ရလဒ်ကောင်းမွန်ကြောင်း တွေ့ရှိရ
အမေရိကန် ဇီဝနည်းပညာကုမ္ပဏီ မိုဒါးနားရဲ့ စမ်းသပ်ဆဲ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ကျန်းမာရေးကောင်းတဲ့ ဆန္ဒအလျောက် အစမ်းသပ်ခံသူ ၄၅ ဦးမှာ ထိုးနှံခဲ့ရာမှာ အလားအလာကောင်းမွန်တဲ့ ရလဒ်တွေကို တွေ့ရှိရတယ်လို့ အမေရိကန် သုတေသီတွေက ပြောပါတယ်။