ICJတွင် တရားရင်ဆိုင်ရာ၌ ကုန်ကျခဲ့သည့်အသုံးစရိတ်ရှင်းတမ်းများအားဘဏ္ဍာရေးစည်းမျဉ်းလုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးစာရင်းစစ်အဖွဲ့တွင် အစစ်ဆေးခံသွားမည် (ရုပ်သံ)
ICJ မှာတရားရင်ဆိုင်ရာခဲ့ရာကုန်ကျခဲ့တဲ့ အသုံးစရိတ်ရှင်းတမ်း၊ခရီးစရိတ်ကုန်ကျငွေနဲ့ လေးလံပစ္စည်းသယ်ယူစရိတ်များရဲ့ အသေးစိတ်ရှင်းတမ်းတွေကိုဘဏ္ဍာရေးစည်းမျဉ်းလုပ်ထုံးလုပ်နည်းနဲ့အညီစာရင်းစစ်အဖွဲ့မှာအစစ်ဆေးခံသွားမှာဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင်ကဇူလိုင် ၁၅ ရက်နေ့မှာပြောကြားခဲ့ပါတယ်။