IDP နှင့် တိုက်ပွဲရှောင်စခန်းများတွင် ကိုဗစ်ကာကွယ်ရေးအရှိန်မြင့်ရန် ကျပ်နှစ်ဘီလီယံသုံးစွဲကာလိုအပ်သည့်ပစ္စည်းများထောက်ပံ့နေဟုလူကယ်ပြန်ဒုဝန်ကြီးဆို (ရုပ်သံ)
IDP စခန်းနဲ့ တိုက်ပွဲရှောင်စခန်းတွေမှာ COVID-19 ကူးစက်ရောဂါကာကွယ်တားဆီးရေးဆိုင်ရာလုပ်ငန်းတွေကိုပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် ကျပ်နှစ်ဘီလီယံသုံးစွဲကာလိုအပ်တဲ့ပစ္စည်းတွေကိုဝယ်ယူထောက်ပံ့နိုင်ရေးဆောင်ရွက်နေတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးအောင်ကပြောကြားပါတယ်။