စည်းကြပ်မှုမှ ကင်းလွတ်နေသောဝင်ငွေအပေါ် ကောက်ခံသည့် ဝင်ငွေခွန်နှုန်းထား လျော့ချ သတ်မှတ်ထားခြင်း အား ပယ်ဖျက်ထားဟု ဒုတိယဝန်ကြီး ပြောကြား (ရုပ်သံ)
၂၀၂၀ပြည့်နှစ်ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကြမ်းမှာ စည်းကြပ်မှုမှ ကင်းလွတ်နေသောဝင်ငွေအပေါ် ကောက်ခံသည့် ဝင်ငွေခွန်နှုန်းထား လျော့ချသတ်မှတ်ထားခြင်းအား ပယ်ဖျက်ထားတယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်၌ တင်ပြခဲ့ပါတယ်၊