၂၀၂၀ ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းလွှာများ စိစစ်မည့်ကာလတွင် နေပြည်တော်မှလွှတ်တော်များ ခေတ္တရပ်နားမည်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ တတိယအကြိမ်မြောက် ကျင်းပမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် လွှတ် တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းလွှာတွေကို စိစစ်မယ့်ကာမှာ နေပြည်တော်မှ လွှတ်တော်အစည်းအဝေးတွေ ကို ခေတ္တရပ်နားပေးမယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောပါတယ်။