မြန်မာတာဆာကီကုမ္ပဏီအနေမှ လငန်းဆလုံရွာအား ဒေသဖွံ့ဖြိုးရေးအတွက် နှစ်စဉ် ကျပ်သိန်းတစ်ထောင်အသုံးပြုမည်ဟု ကမ်း လှမ်းလာဟု ဆို
မြိတ်ကျွန်းစုအတွင်း ပုလဲမွေးမြူရေးလုပ်ကိုင်နေတဲ့ မြန်မာတာဆာကီကုမ္ပဏီက လငန်းဆလုံရွာကို ဒေသဖွံ့ဖြိုးရေး အတွက် နှစ်စဉ် ကျပ်သိန်းတစ်ထောင်အသုံးပြုပေးမယ်လို့ ကမ်းလှမ်းလာပြီး ဒေသခံတွေကတော့ စာချုပ်ပါအချက်တစ်ချို့ကို ယုံကြည်မှုအားနည်းနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့ပါတယ်။