တိုက်ပွဲဖြစ်ပွားမှုကြောင့် အရပ်သားများ သေဆုံး၊ဒဏ်ရာရရှိမှုများအပေါ် တရားမျှတမှုရှိရေး ကျောက်မဲ ဒေသခံ အများအပြား ဆန္ဒပြ (ရုပ်သံ)
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်ကျန်ရွာအနီး ဇွန်လ ၂၇ ၊၂၈ ၊၂၉ ရက်နေ့တို့မှာ ဖြစ်ပွားခဲ့တဲ့ တပ်မတော် နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့တိုက်ပွဲများကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့တဲ့အပေါ် တရားမျှတမှုရှိရေး ကျောက်မဲမြို့နယ်ရှိ ဒေသခံထောင်ချီက ဆန္ဒပြခဲ့ကြပါတယ်။