YBS ကားအစီးရေ ၅၉၀ ကျော်တွင် YPS ကဒ်များကို ဇူလိုင်လ ၂၁ ရက်နေ့တွင် စတင်အသုံးပြုနိုင်မည် (ရုပ်သံ)
YPS ကဒ်တွေကို ဇူလိုင်လ ၂၁ ရက်နေ့မှာ YBS ကားအစီးရေ ၅၉၀ ကျော်တွင် စတင်အသုံးပြုနိုင်မယ် လို့ ဇူလိုင်လ ၈ရက် နေ့က ရန်ကုန်မြို့မှာရှိတဲ့ YRTA ရုံးချုပ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကဒ်စနစ်ကို တာဝန်ယူဆောင်ရွက်နေတဲ့ Asia Starmar ကုမ္ပဏီရဲ့ Chief Marketing Officer ဒေါ်ရီရီခင်ကပြောပါတယ်။