“အစိုးရအဆက်ဆက် စီမံခန့်ခွဲမှုအားနည်းချက်များ နှင့် နှစ်စဉ်လူသေဆုံးမှုမပြတ်ခဲ့သည့် ဖားကန့်ကျောက်စိမ်းလုပ်ကွက် ပိတ်သိမ်းချိန်တန်ပြီလား”

“အစိုးရအဆက်ဆက် စီမံခန့်ခွဲမှုအားနည်းချက်များ နှင့် နှစ်စဉ်လူသေဆုံးမှုမပြတ်ခဲ့သည့် ဖားကန့်ကျောက်စိမ်းလုပ်ကွက် ပိတ်သိမ်းချိန်တန်ပြီလား”
Published 9 July 2020

“အစိုးရအဆက်ဆက် စီမံခန့်ခွဲမှုအားနည်းချက်များ နှင့် နှစ်စဉ်လူသေဆုံးမှုမပြတ်ခဲ့သည့် ဖားကန့်ကျောက်စိမ်းလုပ်ကွက် ပိတ်သိမ်းချိန်တန်ပြီလား”

■ ဖားကန့်ဒေသမှာ မြေပြိုမှုဖြစ်စဉ်တွေဟာ လစဉ်နေရာ အနှံဖြစ်ပေါ်နေပြီး အထူးသဖြင့် ယခုလို မိုးဦးရာသီမှာ မိုင်းဒဏ်၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုဒဏ်တွေကြောင့် အက်ကြောင်းတွေကတစ်ဆင့် မိုးရေဝင်ကာ လျှောပြိုခြင်း၊ အမြင့်ပိုင်းမှ ရေကန်တွေ လျှောဆင်းကာ ပြိုကျခြင်း၊ မြေစာပုံမှ မြေသားတွေ လျောဆင်းကာပြိုကျခြင်းတို့ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။ ၂၀၀၀ခုနှစ်နောက်ပိုင်းမှာ မြေပြိုမှု၊ ကျင်းလျောမှုတွေကြောင့် သေဆုံးမှုတွေရှိလာခဲ့ပြီး ၂၀၁၀ ခုနှစ်မှစတင်ကာ နှစ်စဉ် လူပေါင်း တစ်ရာမှ သုံးရာဝန်းကျင်အထိ သေဆုံးမှု ဖြစ်ပေါ်နေခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၅ ခုနှစ်ဒီဇင်ဘာလမှာ မြေစာပုံပြိုကျမှုကြောင့် လူပေါင်းရာချီသေဆုံးဖွယ်ရှိပေမယ့် ၁၁၄ ဦးအလောင်းတွေ့ရှိကာ အများဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ လူ ၁၁၀ ကျော်၊ ၂၀၁၇ ခုနှစ်မှာ လူ ၁၂၀ ကျော်၊ ၂၀၁၈ ခုနှစ်မှာ လူ ၁၄၀ နီးပါးနှင့် ၂၀၁၉ ခုနှစ်မှာ လူ ၁၁၆ ဦး သေဆုံးခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေနဲ့ သတင်းဌာနမှတ်တမ်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ၂၀၂၀ ပြည့်နှစ်အတွင်းမှာတော့ မြေပြို၊ မျောချောင်းပေါက်ကျမှုဖြစ်စဉ်တွေနဲ့ ခြေချော်ပြုတ်ကျမှုတွေကြောင့် လူ ၃၀ နီးပါး သေဆုံးခဲ့တယ်လို့သိရပြီး ဇူလိုင်လ၂ရက်နေ့က ဝှေခါမြေပြိုမှုဖြစ်စဉ်မှာ သေဆုံးသူ ၁၇၀ ကျော် စံချိန်တင်သေဆုံးခဲ့တဲ့အတွက် ၂၀၂၀ ပြည့်နှစ်အတွင်း သေဆုံးသူအရေအတွက်ဟာ၂၀ဝ ကျော်ရှိလာပြီဖြစ်ပါတယ်။