အရပ်ဘက်စစ်ဘက်ဆက်ဆံရေးပြဿနာအပါအဝင် စိန်ခေါ်မှုလေးရပ်ကို မကျော်နိုင်ပါက ငြိမ်းချမ်းရေးအတွက် အခက်အခဲရှိနိုင်ဟု ဒေါက်တာမင်းဇော်ဦး (MIPS )သုံးသပ်

အရပ်ဘက်စစ်ဘက်ဆက်ဆံရေးပြဿနာအပါအဝင် စိန်ခေါ်မှုလေးရပ်ကို မကျော်နိုင်ပါက ငြိမ်းချမ်းရေးအတွက် အခက်အခဲရှိနိုင်ဟု ဒေါက်တာမင်းဇော်ဦး (MIPS )သုံးသပ်
Published 8 July 2020

အစိုးရအနေနဲ့ အရပ်ဘက်စစ်ဘက်ဆက်ဆံရေးအဖုအထစ်ရှိနေဆဲ ပြဿနာအပါအဝင် စိန်ခေါ်မှုလေးရပ်ကို မကျော်လွှားနိုင်ပါက ငြိမ်းချမ်းရေးအကောင်အထည်ဖော်ရာမှာ အခက်အခဲရှိနိုင်တယ်လို့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု(MIPS) ရဲ့အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက သုံးသပ်ပြောကြားပါတယ်။