နှစ်စဉ် အိမ်ခန်းပေါင်း တစ်သောင်း ဖော်ဆောင်နိုင်ရေး စီမံ/ဘဏ္ဍာ/စက်မှုဝန်ကြီးဌာနကို နှစ်စဉ် အပ်နှံလာသည့် ပိုလျှံငွေထဲမှ ခွဲဝေသုံးစွဲခွင့်ပြုရန် ဆောက်လုပ်ရေးဒုဝန်ကြီးမှ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်ပြ
အလုပ်အကိုင် ဖန်တီးရေးအတွက် အထောက်အကူပြုဖို့အတွက်ရော ပြည်သူတွေ၊ အငြိမ်းစား ဝန်ထမ်းတွေရဲ့ နေအိမ် လိုအပ်ချက်အတွက် နှစ်စဉ် အိမ်ခန်းပေါင်း တစ်သောင်း အကောင်အထည်ဖော်နိုင်ရေး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနကို အပ်နှံလာတဲ့ ပိုလျှံငွေထဲမှ ခွဲဝေသုံးစွဲခွင့်ပြုဖို့အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက တင်ပြခဲ့ပါတယ်။