ထားဝယ်ခရိုင်မှ ဧက ၁၄၀ ရှိ ပဲ့ဇင်ကျွန်းအား Excellent Fortune Development Group မှ ဦးစိုင်းမျိုးဝင်းအမည်ဖြင့် လုပ်ပိုင် ခွင့် လျှောက်ထားမှုကို တိုင်းအစိုးရက သဘောထားမှတ်ချက်ပေးခြင်းမှာ အထူးလျှို့ဝှက်ဖြစ်၍ ထုတ်ပြောမရဟု ဆို
ထားဝယ်ခရိုင်က ဧက ၁၄၀ ရှိတဲ့ ပဲ့ဇင်ကျွန်းကို Excellent Fortune Development Group ကုမ္ပဏီက ဦးစိုင်းမျိုးဝင်း အမည်နဲ့လုပ်ပိုင်ခွင့်လျှောက်ထားမှုအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့က သဘောထားမှတ်ချက်ပေးတာဟာ အထူးလျှို့ဝှက်ဖြစ် တာကြောင့် ထုတ်ပြောလို့မရဘူးလို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့် စန်းက ပြောပါတယ်။