အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲခံထားရသော ရမည်းသင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူးနှင့် မြို့နယ်ဦးစီးအရာရှိတို့ အမှုကို စစစ်ဆေး
ရမည်းသင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးငွေစိုးဦးနှင့် ရမည်းသင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်ထွေးတို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှု ၁၁ မှုဖွင့် တရားစွဲဆိုထားတဲ့အမှုကို မန္တလေးတိုင်း တရားလွှတ်တော်မှာ စတင်စစ်ဆေးနေပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။