နေရပ်ပြန် ရွှေ့ပြောင်းလုပ်သားများအား ထိုင်းနိုင်ငံသို့ မကြာမီ ပြန်လည်ဝင်ရောက်ခွင့် ပြုမည်ဟုဆို

နေရပ်ပြန် ရွှေ့ပြောင်းလုပ်သားများအား ထိုင်းနိုင်ငံသို့ မကြာမီ ပြန်လည်ဝင်ရောက်ခွင့် ပြုမည်ဟုဆို
Published 15 June 2020

 

ထိုင်းနိုင်ငံကနေ အကြောင်းအမျိုးမျိုးနဲ့ နေရပ်ပြန်လာသူတွေ၊ အထူးသဖြင့် COVID – 19 အရေးပေါ်ကာလမှာ နေရပ်ပြန်သွားကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို မကြာမီမှာ ထိုင်းနိုင်ငံကို ပြန်လည်ဝင်ရောက်ခွင့် ပြုသွားမယ်လို့ ထိုင်းဝန်ကြီးချုပ် ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားတယ်လို့ မြန်မာအလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။