၂၀၂၀ ရွေးကောက်ပွဲတွင် တပ်ပြင်ပရှိမဲရုံများအတွက် တပ်မတော်သားသီးသန့်မဲရုံများနှင့် အရပ်သားနှင့်တပ်မတော်သား ပူးပေါင်းကာ သတ်မှတ်ရမည့်မဲရုံများလည်းရှိ (ရုပ်သံ)

၂၀၂၀ ရွေးကောက်ပွဲတွင် တပ်ပြင်ပရှိမဲရုံများအတွက် တပ်မတော်သားသီးသန့်မဲရုံများနှင့် အရပ်သားနှင့်တပ်မတော်သား ပူးပေါင်းကာ သတ်မှတ်ရမည့်မဲရုံများလည်းရှိ (ရုပ်သံ)
Published 13 June 2020

၂၀၂၀ ရွေးကောက်ပွဲမှာ တပ်မတော်သားတွေအနေနဲ့ တပ်ပြင်ပရှိမဲရုံတွေမှာ မဲပေးနိုင်ဖို့ တပ်မတော်သားသီးသန့်မဲရုံ တွေအပြင် အရပ်သားနဲ့တပ်မတော်သားပူးပေါင်းမဲပေးဖို့သတ်မှတ်ရမယ့်မဲရုံတွေလည်းရှိပြီး သက်ဆိုင်ရာ တပ်ရင်းတပ်ခွဲတွေရဲ့ အနီးမှာသာ မဲရုံဖွင့်လှစ်ပေးနိုင်ဖို့ ညှိနှိုင်းလုပ်ဆောင်ထားတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ ကနေ သိရပါတယ်။