မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၂၆၁ ဦးရှိပြီဖြစ်ကာ ယနေ့ဓာတ်ခွဲစစ်ဆေးမှုတွင် လူနာသစ် မတွေ့ရှိ (ရုပ်သံ)
ယနေ့ (ဇွန် ၁၂ ရက်) အတွက် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ပထမအသုတ် ဓာတ်ခွဲနမူနာ ၄၇၀ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၁၄၅ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ ၂၉၈ ခုနှင့် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ ၂၂၄ ခု စုစုပေါင်း ဓာတ်ခွဲနမူနာ ၁,၁၃၇ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။
Zawgyi