စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ရာစုပင်လုံ)အား သြဂုတ်လအတွင်းကျင်းပရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဘက်မှ အဆိုပြု
စတုတ္ထအကြိမ်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ( ၂၁ရာစုပင်လုံ)ကို သြဂုတ်လအတွင်းမှာ ကျင်းပဖို့ NCA လက်မှတ်ရေးထိုး ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (NCA-s EAO)တို့ဘက်မှ အဆိုပြုထားတယ်လို့ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ ညှိနှိုင်းရေးမှူးရဲဘော်မျိုးဝင်းက ပြောပါတယ်။