COVID – 19 သည် ရောဂါပျိုးချိန်၏နှစ်ဆဖြစ်သော ၂၈ ရက်အတွင်း ရောဂါဖြစ်ပွားသူတစ်ဦးမှ မရှိမှသာလျှင် မကူးစက်တော့ဟု ယူဆနိုင်၍ ကျန်းမာရေးလမ်းညွှန်ချက်များ ဆက်လက်လိုက်နာရန်လို
COVID – 19 ရောဂါဟာ ရောဂါပျိုးချိန်ရဲ့နှစ်ဆဖြစ်တဲ့ ရက်ပေါင်း ၂၈ ရက်အတွင်း ရောဂါဖြစ်ပွားသူတစ်ဦးမှ မရှိတော့မှ သာ ရောဂါကူးစက်ဖြစ်ပွားခြင်းမရှိတော့ဘူးလို့ ယူဆနိုင်တာကြောင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ နှိုးဆော်ချက် တွေနဲ့လမ်းညွှန်ချက်တွေကို ဆက်လက်လိုက်နာဆောင်ရွက်ကြဖို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထပ်မံအသိပေးနှိုး ဆော်ထားပါတယ်။