စောဒေးဗစ်လားအမှု တိုင်ချက်တွင် လူစုလူဝေးဖြစ်ပေါ်ခဲ့သည်မှာ ဧပြီ ၇ရက်ဟု ပါရှိသော်လည်းဧပြီ ၅ရက်က တည်းကရောဂါပေါ်တာကြောင့် အိမ်ပြင်မထွက်တော့ဟုစောဒေးဗစ်လား၏ရှေ့နေပြော (ရုပ်သံ)
စောဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့ကို အမှုဖွင့် တိုင်တန်းချက်အရ လူစုလူဝေးဆုတောင်းပွဲပြုလုပ်ရာမှာ ဧပြီလ ၇ရက်နေ့လို့ပါရှိခဲ့ပေမယ့် ဧပြီလ၅ရက်နေ့ညနေကတည်းက အိမ်ပြင်မထွက်တော့တဲ့အတွက် ကွဲလွဲမှုတွေ ရှိနေပြီးတရားလိုကပေါ်လွင်အောင်ဖြေရှင်းရမှာဖြစ်တယ်လို့ စွပ်စွဲခံရသူနှစ်ဦးရဲ့ ရှေ့နေဖြစ်သူတရားလွှတ်တော်ရှေ့နေဦးအောင်ကြည်ဝင်းက ပြောပါတယ်။