ကတူးတိုင်းရင်းသားများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားများတွင် လူမျိုးအမည်မှန်ရရှိရေးအတွက် တိုင်းဒေသကြီးလွှတ်တော်ကို အစီရင်ခံစာတင်သွင်း
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှာ ကတူးတိုင်းရင်းသားအများအပြားနေထိုင်ကြပြီးအဆိုပါ ကတူးတိုင်းရင်းသားတွေရဲ့နိုင်ငံသားစိစစ်ရေးကတ်ပြားတွေမှာလူမျိုးအမည်မှားယွင်းနေမှုကြောင့် လူမျိုးအမည်မှန်ရရှိဖို့အတွက် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားရေးရာ ကော်မတီ ဥက္ကဌဦးကျော်ဌေးလွင်က စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုအစီရင်ခံစာတင်သွင်းခဲ့တယ်လို့ သိရပါတယ်။