ပြည်ပလေကြောင်းခရီးစဉ်များ ရပ်ဆိုင်းထားခြင်းကြောင့် ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ယူခဲ့သည့် မြန်မာနိုင်ငံသား ၃၀၀၀ ကျော်ရှိလာ
ပြည်ပနိုင်ငံတွေမှာ အခက်အခဲကြုံနေရတဲ့ မြန်မာနိုင်ငံသားတွေကို အထူးလေယာဉ်များ၊ ကယ်ဆယ်ရေး လေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်နေမှုမှာ ပြည်ပနိုင်ငံအသီးသီးကနေ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့သူ မြန်မာနိုင်ငံသား ၃၁၉၂ ဦး ရှိလာပြီဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။