ဂျာမနီနိုင်ငံတွင် နှစ်လကြာသောင်တင်နေသည့် မြန်မာသင်္ဘောသား ၈၉ ဦးအပါအဝင် မြန်မာနိုင်ငံ သား ၉၅ ဦးအား အထူးလေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ
ဂျာမနီနိုင်ငံမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၉၅ ဦးကို ဂျာမနီနိုင်ငံရှိ AIDA ကုမ္ပဏီမှ စီစဉ်ပေးသည့် အထူးလေယာဉ်ဖြင့် မြန်မာနိုင်ငံပြန်လည်ခေါ်ဆောင်ခဲ့ရာ ဇွန်လ ၄ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြန်လည်ရောက်ရှိခဲ့ကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရပါတယ်။