ရန်ကုန်တိုင်းအတွင်းရှိ ကညနရုံးများပြန်ဖွင့်ပါက တစ်နေ့လျှင် ယာဉ်အစီးရေ ၂၀၀၀ နီးပါး သက်တမ်းတိုး ဆောင်ရွက်မည်

ရန်ကုန်တိုင်းအတွင်းရှိ ကညနရုံးများပြန်ဖွင့်ပါက တစ်နေ့လျှင် ယာဉ်အစီးရေ ၂၀၀၀ နီးပါး သက်တမ်းတိုး ဆောင်ရွက်မည်
Published 4 June 2020

ရန်ကုန်တိုင်းအတွင်းရှိ ကညနရုံးများပြန်ဖွင့်လျှင် တစ်နေ့ကို အချိန်လေးချိန်ခွဲပြီး ယာဉ်အစီးရေ ၂၀၀၀ နီးပါး သက်တမ်းတိုးဆောင်ရွက်မည်ဖြစ်ကြောင်း ဇွန် ၂ရက်က မြင်သာ ကညနရုံးတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှာ ရန်ကုန်တိုင်းဒေသကြီး ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားရေးမှူးဦးစီးဌာန တိုင်းဦးစီးမှူး ဦးသိန်းထွဋ်က ပြောပါတယ်