မိုးသည်းထန်စွာရွာသွန်းမှု့ကြောင့် မိတ္တီလာမြို့ပေါ်ရပ်ကွက် များနှင့် လမ်းများတွင် ရေကြီး၊ရေလျှံမှုများဖြစ်ပေါ်
မိတ္တီလာတွင် မေလ(၂၉)ရက်နေ့ညပိုင်းက တစ်နာရီခွဲခန့်ကြာ မိုးသည်းထန်စွာရွာသွန်းမှု့ကြောင့် ကျောက်ဖူးနယ်မြေ၊ မိတ္တီလာတက္ကသိုလ်အနီး မိတ္တီလာ-ကျောက်ပန်းတောင်းကားလမ်းမမှာ ပေ(၂၀၀)ခန့်လမ်းရေလျှံခဲ့ပြီး အဝေးပြေးကားတွေနဲ့ အိမ်စီးကားတွေ ခက်ခဲစွာသွားလာခဲ့ရကာ မေလ(၃၀)ရက်နေ့ မနက်ပိုင်းထိ လမ်းရေလျှံမှု့ဖြစ်ပေါ်နေသေးတယ်လို့ သိရပါတယ်။