စစ်ဆင်ရေးနှင့်လုံခြုံရေးတာဝန် အသက်စွန့်ထမ်းဆောင်နေသော စစ်မှုထမ်းများ ရထိုက်သည့် ခံစားခွင့်များ မဆုံးရှုံးစေရေးအတွက် တောင်းခံထားသည့် ငွေများအား ဖြတ်တောက်ခြင်းမပြုရန် ကာကွယ်ရေးဝန်ကြီး ပြောကြား
အမှုထမ်းပို့ဆောင်ရေးခေါင်းစဉ်အောက်မှာ ဖြည့်စွက်တောင်းခံထားတဲ့ ကျပ် ၂၁.၉၅၅ ဘီလျံမှာ စစ်ဆင် ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေကြတဲ့ တပ်မတော်သားများအတွက် စစ်ဆင်ရေး အထူးနေ့တွက် စရိတ်ပြောင်းလဲခြင်းကြောင့် တောင်းခံခြင်းဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက မေလ ၂၇ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။