တရုတ်နိုင်ငံမှာ အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသား ၁၀၂ ဦးကို ပြန်လည်လွှဲပြောင်း
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ မြန်မာ-တရုတ်နှစ်နိုင်ငံ ပြည်ဝင်ပြည်ထွက် စစ်ဆေးရေး နန်တော်ဂိတ်မှာ မေလ ၂၆ ရက် နံနက် ၉ နာရီအချိန်ခန့်က တရုတ်နိင်ငံမှာအကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၁၀၂ ဦးကို ပြန်လည်လွှဲပြောင်းခဲ့တယ်လို့ သိရပါတယ်။