မြဝတီနယ်စပ်မှတစ်ဆင့် သုံးရက်အတွင်း ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာသူ သုံးထောင်နီးပါးရှိ
ထိုင်း- မြန်မာ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဖြင့် Covid -19 အရေးပေါ်ကာလမှာ ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတား မြဝတီနယ်စပ်ဝင်ပေါက်ကတစ်ဆင့် မေ ၂၃ ရက်ကနေ မေ ၂၅ ရက်အထိ သုံးရက်အတွင်း မြန်မာနိုင်ငံသို့ ပြန်လာသူ မြန်မာနိုင်ငံသား ၂၉၉၅ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။