ပဲခူးတိုင်းသို့ ထိုင်းနိုင်ငံမှ အလုပ်သမား ၁၄၉ ဦးထပ်မံရောက်ရှိလာပြီး COVID19 ရှိ၊မရှိစစ်ဆေးပြီးမှ သက်ဆိုင်ရာ မြို့နယ်များသို့ ပို့ဆောင်မည်
ပဲခူးတိုင်းဒေသကြီးအတွင်းကိုမေလ ၂၄ ရက်နေ့ ည ၁၀ နာရီခန့်က ထိုင်းနိုင်ငံကနေနေရပ်ပြန်အလုပ်သမား ၁၄၉ ဦးထပ်မံရောက်ရှိလာပြီး ၎င်းတို့ကို ပဲခူးမြို့အသောကကျောင်းတိုက်Quarantine CenterမှာထားရှိပြီးCOVID 19ရောဂါပိုးရှိ၊မရှိစစ်ဆေးပြီးမှသာသက်ဆိုင်ရာမြို့နယ်Quarantineဌာနတွေကိုဆက်လက်ပို့ဆောင်သွားမယ်လို့ သိရပါတယ်။