ပဲခူးမြို့မဈေးကြီးရှိ လိုင်စင်ရတွန်းလှည်းဆိုင်များ နေရာပြောင်းရွှေ့ပေးခြင်းကို ဆိုင်ရှင်များ လက်မခံနိုင်ဟုဆို (ရုပ်သံ)

ပဲခူးမြို့မဈေးကြီးရှိ လိုင်စင်ရတွန်းလှည်းဆိုင်များ နေရာပြောင်းရွှေ့ပေးခြင်းကို ဆိုင်ရှင်များ လက်မခံနိုင်ဟုဆို (ရုပ်သံ)
Published 24 May 2020

ပဲခူးမြို့မဈေးကြီးက လိုင်စင်ရတွန်းလှည်းဈေးဆိုင်တွေကို COVID - 19 ကပ်ရောဂါကာလအတွင်း ယာယီပိတ်သိမ်းထား ပြီးနောက် မူလမြေပြင်နေရာမှာ ဆက်လက်ရောင်းချခွင့်မပြုဘဲ ပဲခူးမြို့မဈေး၊ နှစ်ထပ်ဈေးရုံကြီးအပေါ်ထပ်မှာ နေရာပေးပြီး ရောင်းချဖို့ ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ခွင့်ပြုခဲ့ပေမယ့် ဆိုင်ရှင်တွေက လက်မခံနိုင်ဘူးလို့ သိရပါတယ်။