မော်လမြိုင်မြို့တွင် Covid-19 ကူးစက်ရောဂါပိုးစစ်ဆေးနိုင်သည့်စက်လာရောက်တပ်ဆင်မည်ဆိုသော်လည်း ယနေ့အချိန်အထိလာရောက်တပ်ဆင်မှုမရှိသေး
မော်လမြိုင်မြို့ရှိတီဘီရောဂါဓါတ်ခွဲခန်းအားCovid – 19 ကူးစက်ကပ်ရောဂါပိုးစစ်ဆေးနိုင်ရန် ယခုလအတွင်းလိုအပ်တဲ့ စက်ပစ္စည်းများ လာရောက်တပ်ဆင်မည်ဆိုသော်လည်းမေလ ၂၀ ရက်အထိစက်လာရောက် တပ်ဆင်ခြင်းမရှိသေးကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းအောင်ကြည် က ပြောပါတယ်။