စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာကောင်းမှုတော်ဘုရားရှိ မေတ္တာကန် အက်ကွဲပျက်စီးမှုများအား အကြီးစားပြုပြင်မှု စတင်
စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာကောင်းမှုတော်ဘုရားကြီးရဲ့ မေတ္တာကန်အနောက်ဖက်ပိုင်း ကန်အဆင်းလှေကားနေရာဘေး တွေမှာ ပျက်စီးမှုဖြစ်ပွားခဲ့တာကြောင့် မေလ၂၀ ရက်နေ့ကစတင်ကာ အကြီးစားပြုပြင်မှုလုပ်ငန်းတွေ ပြုလုပ်နေရတယ်လို့ ကောင်းမှုတော်ဘုရားကြီးဂေါပကအဖွဲ့ထံကနေ သိရပါတယ်။