မြန်မာရွှေ့ပြောင်းလုပ်သားများ နေရပ်ပြန်နိုင်ရန် ဘန်ကောက်-မဲဆောက် မော်တော်ယာဉ် ၁၀ စီး ညစဉ်ပြေးဆွဲပေးမည်

မြန်မာရွှေ့ပြောင်းလုပ်သားများ နေရပ်ပြန်နိုင်ရန် ဘန်ကောက်-မဲဆောက် မော်တော်ယာဉ် ၁၀ စီး ညစဉ်ပြေးဆွဲပေးမည်
Published 20 May 2020

 

မြန်မာရွှေ့ပြောင်းလုပ်သားများ နေရပ်မြန်မာနိုင်ငံသို့ ပြန်လာနိုင်ဖို့အတွက် ဘန်ကောက်မြို့၊ မော်ချစ်ကားဂိတ်ကနေ မဲဆောက်မြို့သို့ မေ ၂၂ ရက်ကစကာ ည ၁၀ နာရီမှာတစ်ကြိမ်၊ ည ၁၁ နာရီမှာတစ်ကြိမ် ကားတစ်စီးလျှင် ၂၁ ဦး လိုက်ပါနိုင်တဲ့ ကား ၁၀ စီးကို ထိုင်းရဲတပ်ဖွဲ့ရဲ့ အစောင့်အရှောက်ဖြင့် ပြေးဆွဲပေးသွားမယ်လို့ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးထုတ်ပြန်ချက်အရ သိရပါတယ်။