သံဃာတော်များအား လူမှုကွန်ရက်ပေါ်တွင် ဝေဖန်ဆဲဆိုခဲ့သည့် Kyaw Win Thant အကောင့်ပိုင်ရှင်အား သာသနာညှိုးနွမ်းစေမှုဖြင့် တရားစွဲ
သံဃာတော်များအား လူမှုကွန်ရက်ပေါ်မှာ ဝေဖန်ဆဲဆိုခဲ့တဲ့ Kyaw Win Thant အကောင့်ပိုင်ရှင်အား သာသနာညှိုးနွမ်းစေမှုနဲ့ မိတ္တီလာခရိုင် သာသာနာရေးဦးစီးမှူး ဦးကိုကိုအောင်က မိတ္တီလာမြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့ပြီးနောက် အဆိုပါအကောင့်ပိုင်ရှင် ဒေါက်တာကျော်ဝင်းသန့်အား မန္တလေးမြို့မှာ ဖမ်းဆီးအရေးယူထိန်းသိမ်းထားကာ ချမ်းအေးသာဇံမြို့နယ် တရားရုံးမှာ ရမန်ရယူခဲ့တယ်လို့ သိရပါတယ်။