COVIDကာလကျောင်းများအားမူလတန်းအဆင့်မှ စတင်ဖွင့်လှစ်ရန် ဆုံးဖြတ်ထားသော်လည်းဘယ်အဆင့် ကနေပြန်လည်ဖွင့်လှစ်ရမည်ကို လေးလေးနက်နက်ထပ်မံစဉ်းစားမည်ဟုအတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား
COVID-19 ဖြစ်ပွားနေတဲ့ကာလမှာအခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ဖို့ စဉ်းစားရာပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတို့နဲ့ ဆွေးနွေးပြီးနောက် မူလတန်းအဆင့်ကိုစတင် ဖွင့်လှစ်ဖို့ အသင့်တော်ဆုံးဖြစ်ကြောင်းဆုံးဖြတ်ခဲ့တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့ပါတယ်။