ကလေးမြို့ရှိ COVID-19 Positive လူနာ ၆ ဦး စလုံး ရောဂါပိုးကင်းစင်သွားပြီဖြစ်သော်လည်း ဒုတိယလှိုင်းကို သတိထားဖြတ်ကျော်ရန်လိုအပ်နေ
ကလေးမြို့မှာ Positive လူနာ၂ဦး မေလ၁၈ရက်ကဆေးရုံ မှ ဆင်းသွားပြီးနောက် Positive လူနာမရှိတဲ့ မြို့ဖြစ်သွားသော်လည်း ဒုတိယလှိုင်းကိုသတိထားဖြတ်ကျော်ရန်လိုအပ်တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ရှားမီး( ခေါ်) ဒေါ်အေးအေးမူကပြောကြားပါတယ်။