အခြေခံလူတန်းစားများကို အိမ်ထောင်စုအလိုက် ငွေကြေးထောက်ပံ့မည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား
ဒီကနေ့ မေ ၁၆ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အခြေခံလူတန်းစားများကို အိမ်ထောင်စုအလိုက် ငွေကြေးထောက်ပံ့မှာဖြစ်ပြီး ထပ်မံထောက်ပံ့ချိန်မှာ ယခင်ရိက္ခာငါးမျိုး ထောက်ပံ့မှုတန်ဖိုးထက် နှစ်ဆပိုထောက်ပံ့မယ်လို့ ပြောကြားခဲ့ပါတယ်။