မန္တလေးမြို့ပေါ်ရှိ ဈေးများတွင်ပိတ်ရန်ညွှန်ကြားထားသည့်ဆိုင်များ မေလ ၁၆ ရက်နေ့မှ စတင်၍ ပြန်လည် ဖွင့်လှစ်ခွင့်ပြုသွားမည်
မန္တလေးမြို့ပေါ်ရှိ ဈေး ၄၁ ဈေး မှ မေလ ၁၆ ရက်နေ့မှ စတင်၍ ပိတ်ရန်ညွှန်ကြားထားသည့်ဆိုင်များပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်ခွင့်ပြုသွားမည်ဖြစ်ပြီး လက်ဖက်ရည်ဆိုင်အပါအဝင် စားသောက်ဆိုင်များကို ပါဆယ်စနစ်ဖြင့်သာ ဆက်လက်ရောင်းချစေမည်ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်မှ ထုတ်ပြန်ကြေညာထားပါတယ်